လူသတ်မုဒိမ်းမှု အပါအဝင် ပြစ်မှု ၁၀၀ ကျော်ကျူးလွန်သူကို PDF က ဖမ်းဆီး

Video By:  Khit Thit Media Posted On:  November 27, 2022

မုံရွာတွင် အမျိုးသမီး ၃ ဦးကို မုဒိမ်းကျင့် သတ်မှု အပါအဝင် လူ ၃၀ ဦးကို သတ် ဖြတ် သူ၊ အမျိုး သမီး ၅ ဦးကို မုဒိမ်းကျင့်သူ စိုင်းရဲထွန်းကို PDF တပ်ဖွဲ့က ဖမ်း ဆီး ---------------------------------------------------------------------- စစ်တပ်လက်ပါးစေ မျိုးချစ်၏ ခိုင်းစေမှုဖြင့် ပြစ်မှုများ ကျူးလွန်ပြီး စစ်တပ်က ဖမ်းဆီး အရေးမယူဘဲ PDF က ကျူးလွန်ဟု သတင်းဖြန့်ခိုင်း ရန်ကုန်၊ နိုဝင်ဘာ ၂၇ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် လူသတ်မှု၊ မုဒိမ်းမှု၊ ခိုးမှုနှင့် ဓားမြမှု ကျူးလွန် ထားသူ အသက် ၁၈ နှစ်အရွယ် စိုးရဲထွန်းကို PDF တပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း မုံရွာမြို့နယ် ပြည်သူ့ လုံခြုံရေးအဖွဲ့ မြို့နယ်-ပလဖ အဖွဲ့က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ စိုင်းရဲထွန်းသည် မျိုးချစ်၏ အဖွဲ့ဝင်တပည့်ဖြစ်ပြီး မျိုးချစ်သည် စစ်ကိုင်းတိုင်း မုံရွာမြို့ ပေါ်တွင် စစ်တပ်နှင့် ပူးပေါင်းပြီး ရာဇဝတ်မှုများ ကျူး လွန်နေကြောင်း၊ စစ်တပ် သတင်းပေး ဒလန်လုပ်လည်း လုပ်နေကြာင်း၊ မျိုးချစ်ဆိုသူသည် မုံရွာ မြို့ ပေါ်ရှိ ဓားမြ တိုက် မှုများ အပါအဝင် ရာဇဝတ်မှုများ ဆက်တိုက် ကျူး လွန်နေကြောင်း သိရှိရသည်။ မုံရွာမြို့ပေါ်တွင် စိုးရဲထွန်း ကျူးလွန်ခဲ့သော လူသတ်/မုသိမ်းမှု ၂၈ မှုတွင် အမျိုး သမီး ၃ ဦးကို မုဒိမ်းကျင့်သတ်ဖြတ်မှု အပါအဝင် လူ ၃၀ ဦးကို သတ် ဖြတ် ခဲ့ပြီး အမျိုးသမီး ၅ ဦးကို မုဒိမ်းကျင့်မှု ကျူးလွန်ခဲ့ကြောင်း ဝန်ခံထွက်ဆိုသည်။ " ဒီ​ကောင်တွေ ရေနံကုန်းမှာခိုးပြီး အပြန်မှာ ကျွန်တော်တို့ ဝင်ဖမ်းလိုက်တာ လွန် ခဲ့တဲ့ ၉ ရက်လောက်တည်းက ဖမ်းမိတာပါ။ သူက မျိုးချစ်ရဲ့ တပည့်ပေါ့။ မျိုးချစ်ရဲ့ တပည့်ကိုမှ အမှုတွေ ၁၀၀ ​ကျော်တယ်။ လူသတ်မှုတွေကော မုဒိမ်းမှုတွေကော ရိုက်မှုတွေကော လုမှုတွေကော အဲတာတွေ သူထွက် ဆို ထားတယ်။ ဓားမြမှုတွေပါ ထွက်ဆိုထားသည်။ သူက မျိုးချစ် တပည့် ဆိုတော့ မျိုးချစ် အုပ်ချုပ်ပုံ အုပ်ချုပ်နည်းတွေကို ဘယ်လိုဆေးတွေကျွေးတွေ ဘယ်လို လုပ်တယ်ဆိုတာ ကျန်တော်တို့ ဗီဒီယိုဖိုင်ထဲမှာ သူရဲ့ ထွက်ဆိုချက်ကို အကုန် ဖော်ပြထားပါတယ်။ ကျွန်တော်တို့ သူ့ကို တရားဥပဒေအတိုင်း ဆက်သွားပြီး အရေးယူမှာပါ။ ဥပဒေ တရားရုံး လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ကျွန်တော်တို့ ဘက်မှာလည်း တရားဥပဒေနဲ့ ပတ်သက်နဲ့ ရှေ့နေတွေရှိတယ်။ အခု ကျွန်တော် တို့ ဒီဖြစ်စဥ်တွေနဲ့ ပတ်သက်ပြီး သူနဲ့ အတူ ကျူးလွန်ခဲ့တဲ့ နောက်ဆက်တွဲကို ထပ်ဖမ်းဖို့ လုပ်နေပါတယ်။ ကျွန်တော်တို့ ဆက်လက်ထုတ်ပြန်သွားပါ့မယ်" ဟု မုံရွာမြို့နယ် ပြည်သူ့ လုံခြုံရေးအဖွဲ့ မြို့နယ်-ပလဖ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦး ကပြောဆိုသည်။ ထို့ပြင် စစ်တပ်လက်ပါးစေ မျိုးချစ်၏ ခိုင်း​စေချက်အရ လွှတ်တော်ရုံး အရှေ့ ဘက် နှစ်ထပ်တိုက်မှ ပိုက်ဆံသိန်း(၇၀)၊ ရွှေထည်ပစ္စည်းအများအပြား ကို ဓားပြတိုက်မှု၊ မျိုးချစ်၏ခိုင်းစေချက်အရ လွှတ်တော်ရုံးအရှေ့ဘက် နှစ်ထပ် တိုက် ကပ်ရပ် တိုက်သစ်တစ်ခုမှ ပိုက်ဆံအများအပြားနှင့် ရွှေထည်ပစ္စည်း အများအပြားကို ဓားပြတိုက်မှု၊ သိန်းတစ်ရာရွှေဆိုင် ဓားပြတိုက်မှုနှင့် ရွှေ ညောင် ပင် money game ဆိုင်အနုကြမ်းစီးမှုတို့ကိုလည်း လုပ်ဆောင် ခဲ့ ကြောင်း သိရသည်။ မုံရွာမြို့နယ်-ပလဖက ဖမ်းဆီးရမိခဲ့သော စိုင်းရဲထွန်းသည် ရွှေမောင် (ခ) ကု လား ဆိုသည့် အမည်များလည်းရှိပြီး လူသတ်၊ မုဒိမ်းမှု၊ ဓားပြမှုများအပြင် လူ ရိုက် လုယက်မှု ၁၅ မှုနှင့် ခိုးမှု ၇၈ မှုတို့ကိုကို ကျူးလွန်ထားသူ ဖြစ်ကြောင်း မုံ ရွာ မြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့က တရားဝင် သတင်းထုတ်ပြန်ထားသည်။ ရာဇဝတ်မှု ကျူးလွန်မှုများကို စစ်တပ်က ဖမ်းဆီးခြင်းမပြုဘဲ PDF က ကျူး လွန် နေသည်ဟု သတင်းဖြန့်ခိုင်းကြောင်း စိုင်းရဲထွန်းက ထွက်ဆိုထားသည်။

Tags:
#Khit Thit Media  #Myanmar  #Burma  #Khit Thit  #Yangon Khit Thit Media  #Media  #Yangon Khit Thit  #MAL  #Min Aung Hlaing  #Myanmar Khit Thit  #PDF  #People Defense Force  #NUG  #National Union Government  #NUG - Myanmar  #National Union Government Myanmar  #Aung San Suu Kyi  #Daw Aung San Suu Kyi