Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၂၄ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Video By:  Khit Thit Media Posted On:  November 24, 2022

Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၂၄ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ နိုဝင်ဘာ ၂၄ ရက်နေ့ နေ့လယ်ပိုင်းတင်ဆက်ပေးမယ့် သတင်းတွေကတော့ - ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ သု၀ဏ္ဏမှာ ဒီကနေ့ နိုဝင်ဘာလ ၂၄ ရက်နေ့ မနက်ပိုင်းက အကြမ်း ဖက် စစ်ကောင်စီရဲ့ သတင်း စုဆောင်း ရေး မှူးလည်းဖြစ်၊ တော်လှန်ရေးရဲဘော်တွေကို ဖမ်းဆီးသတ် ဖြတ်ရာမှာ ဦးဆောင်သူလည်းဖြစ်တဲ့သူ အငြိမ်းစားဗိုလ်မှူးကြီး ဇော်နိုင်ဝင်းကို တော်လှန်ရေး မြို့ပြ ပျောက်ကျားတပ်ဖွဲ့တစ်ခုကနေ ပစ်ခတ်ရှင်းလင်းလိုက်ရာမှာ သေသွားတယ်လို့ သိရပါတယ်။ - ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၆)နယ်မြေ ၊ မြ၀တီ ဝေါ်လေလမ်းမှာ အကြမ်းဖက် စစ်ကောင်စီတပ်ကို နိုဝင်ဘာလ ၂၂ ရက်နေ့က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာမှာ စစ်ကောင်စီဘက်က ၈ ဦးသေသွားပြီး ၊ တပ်ရင်းမှုး - ဗိုလ်မှုး ဇော်မျိုးအောင် အပါအဝင် ၁၅ နီးပါး ဒဏ်ရာပြင်းထန် ရရသွား တယ်လို့ Federal Wings ဒရုန်းတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။ - မကွေးတိုင်း ပေါက်မြို့နယ်မှာရှိတဲ့ ကျွန်းတိုင်းကျေးရွာ၊ဂွေးဂုံ နဲ့ စသိန်း ကျေးရွာတွေကို မီးရှို့ဖျက်ဆီး နေတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းကို နိုဝင်ဘာ ၂၂ ရက်နေ့က ပြည်သူ့တော်လှန်ရေး တပ်ဦး (PRF) နဲ့ မဟာမိတ်အဖွဲ့တွေက တိုက်ခိုက်ရာမှာ စစ်ကောင်စီဘက်က ၆ ဦးသေသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

Tags:
#Khit Thit Media  #Myanmar  #Burma  #Khit Thit  #Yangon Khit Thit Media  #Media  #Yangon Khit Thit  #MAL  #Min Aung Hlaing  #Myanmar Khit Thit  #PDF  #People Defense Force  #NUG  #National Union Government  #NUG - Myanmar  #National Union Government Myanmar  #Aung San Suu Kyi  #Daw Aung San Suu Kyi