Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၁၆ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Video By:  Khit Thit Media Posted On:  November 16, 2022

Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၁၆ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ နိုဝင်ဘာ ၁၆ ရက်နေ့ နေ့လယ်ပိုင်းတင်ဆက်ပေးမယ့် သတင်းတွေကတော့ - အကြမ်းဖက်စစ်ကောင်စီရဲ့ ဝန်ကြီးဌာန ရာထူးတိုး လူတွေ့ရေးဖြေ အင်တာဗျူးတွေမှာ ဌာနဆိုင်ရာ လုပ်ငန်းတွေ နဲ့ အတွေ့အကြုံတွေကို အဓိကထား -မမေးတော့ဘဲ NLD အစိုးရ ခေတ် မကောင်းကြောင်း၊ ၂၀၂၀ ရွေး ကောက်ပွဲမှာ မဲစာရင်း မသမာမှုတွေ လုပ်ဆောင်ခဲ့တယ်ဆိုတဲ့ အကြောင်းတွေကိုသာ ဝန်ထမ်း တွေကို အဓိကထားမေးမြန်းခဲ့တယ်လို့ ဝန်ကြီးဌာနသတင်းရပ်ကွက်တွေဆီက သိရပါတယ်။ - စစ်ကိုင်းတိုင်း ၊ မြောင်မြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီတပ် နဲ့ ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့တွေ ကြား နိုဝင်ဘာလ ၁၄ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ရာမှာ စစ်ကောင်စီဘက်က ၅ ဦးသေသွားတယ်လို့ မြောင်မြို့နယ် CDSOM အဖွဲ့ရဲ့ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။ - မန္တလေးမြို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်က နှစ်ပေါင်းများစွာ ပြည်သူတွေ နေထိုင်ခဲ့ကြတဲ့ ရပ်ကွက် တွေ၊ အိမ်ရာတွေကို ကျူးကျော်လို့ အမည်တပ်ပြီး ၊ စိတ်ထင်သလို ဖျက်ဆီးနေတဲ့သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

Tags:
#Khit Thit Media  #Myanmar  #Burma  #Khit Thit  #Yangon Khit Thit Media  #Media  #Yangon Khit Thit  #MAL  #Min Aung Hlaing  #Myanmar Khit Thit  #PDF  #People Defense Force  #NUG  #National Union Government  #NUG - Myanmar  #National Union Government Myanmar  #Aung San Suu Kyi  #Daw Aung San Suu Kyi 

ShweTube, Collection of Myanmar Youtube Videos