Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၁၉ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ နိုဝင်ဘာ ၁၉ ရက်နေ့ ညနေပိုင်းတင်ဆက်ပေးမယ့် သတင်းတွေကတော့ - အမေရိကန်ပြည်ထောင်စု၊ဝါရှင်တန်ဒီစီမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကနေ နိုင်ငံခြားရေးဝန်ကြီး ဌာနရုံးကို တရားဝင်ဖွင့်လှစ် လိုက်တယ်လို့ ဒီကနေ့ နိုဝင်ဘာလ ၁၉ ရက်နေ့မှာ NUG က သတင်း ထုတ်ပြန် လိုက်ပါတယ်။ - ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မှော်ဆီဇာ၊ Sky KTV မှာ နိုဝင်ဘာလ ၁၈ ရက်နေ့ညပိုင်းက အကြမ်း ဖက် စစ်ကောင်စီလက်အောက်ခံ ဗိုလ်ကြီး ဇော်ဝေစိုး ဆိုသူ နဲ့ တပ်သား ၇ ဦး တို့ သောက်စား ပျော်ပါး နေတဲ့အချိန် ပစ်ခတ်ခံရပြီး ၊စစ်ကောင်စီဘက်က ဗိုလ်ကြီး ဇော်ဝေစိုး ဆိုသူ အပါအဝင် တပ်သား ၅ ဦးဟာ နေရာမှာတင် ပွဲချင်းပြီး သေသွားတယ်လို့ ရန်ကုန်ခေတ်သစ်ရဲ့ သတင်းရင်းမြစ်က အတည်ပြု ပြောဆိုထားပါတယ်။ - တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်မှာ ဒီကနေ့ နိုဝင်ဘာလ ၁၉ ရက်နေ့ မနက်ပိုင်းမှာ အကြမ်းဖက် စစ်ကောင်စီ-လေတပ် ရဲ့ အမောင်းသင်- လေယာဉ်တစ်စီး ပျက်ကျသွားပြီးတော့ လေယာဉ်မှူး နဲ့ နောက်လိုက် သေဆုံးမှု မရှိဘူးလို့လည်း ဒေသခံတွေက ရန်ကုန် ခေတ်သစ်ကို ပြောပါတယ်။ - စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်မှာ နိုဝင်ဘာလ ၁၈ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ အကြမ်းဖက် စစ်ကောင်စီတပ်က တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ထိန်လင်းစံ အပါအဝင် အယောက် ၂၀ သေသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။