စစ်တပ်ကပြည်သူပိုင်နေအိမ်များကိုမတရားဖျက်ဆီးသိမ်းပိုက်မှု​ကြောင့်ပြည်သူတချို့ မိမိကိုယ်ကို အဆုံးစီရင်

Video By:  Khit Thit Media Posted On:  November 22, 2022

စစ်တပ်က နိုင်ငံတစ်ဝန်းပြည်သူပိုင် ရပ်ကွက်၊ ​နေအိမ်များကို မတရား ဖျက်ဆီးသိမ်းပိုက်မှု​ကြောင့် ပြည်သူတချို့ မိမိကိုယ်ကို အဆုံးစီရင် By ရန်ကုန်ခေတ်သစ် -စစ်ကောင်စီက မြို့ကြီးတွေမှာ ကျူးကျော်၊ စစ်တပ်ပိုင်စတဲ့အကြောင်းပြချက်မျိုးစုံနဲ့ အတင်းအဓမ္မ သိမ်းယူတာတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။ -နိုဝင်ဘာလအတွင်း ရန်ကုန်၊မန္တလေး၊ပြင်ဦးလွင်စတဲ့ မြို့ကြီးတွေက ပြည်သူနေအိမ်တွေကို အတင်းအကျပ် ဖျက်ဆီး ပြီး သိမ်းဆည်းနေတာဖြစ်ပါတယ်။ - မင်္ဂလာဒုံမြို့နယ်မှာ လူဦးရေ ၅သောင်းကျော်နေထိုင်ပြီး အိမ်ခြေသောင်းကျော်ရှိတဲ့ ရပ်ကွက် ၅ ခုကို တပ်မြေလို့ဆိုပြီး အတင်းအကျပ်ဖယ်ရှားနေတာဖြစ်ပါတယ်။ - မြဲမြံအောင်ရပ်ကွက်၊ ဓမ္မပါလရပ်ကွက်၊ စံသမာဓိရပ်ကွက်၊ ဂုန်ညှင်းနီရပ်ကွက်၊ မြဝတီရပ်ကွက် က ပြည်သူတွေဟာ နိုဝင်ဘာ ၂၂ ရက်နေ့ အပြီး ဖျက်သိမ်းရမှာဖြစ်ပါတယ်။ -နေအိမ်တွေကို အဓမ္မဖျက်ဆီးခံရလို့ ပြည်သူသောင်းနဲ့ချီ အိုမဲ့အိမ်မဲ့ဘဝရောက်သွားလို့ ပြည်သူတွေ စိတ်ဆင်းရဲနေတယ်လို့ သိရပါတယ်။ -အဲဒီထဲက မြဝတီစိုက်ခင်း ၁ ရပ်ကွက်၊ စံပယ်လမ်းက အသက် ၅၄ နှစ်အရွယ် ဦးဝင်းဌေးဟာ နေစရာအိမ်မရှိတော့လို့ ကြိုးဆွဲချသေဆုံးသွားခဲ့ပါတယ်။ - ထောက်ကြန့်တိုးချဲ့ ၁ ရပ်ကွက်မှာလည်း အိမ်ခြေ ၁၄၁၀ လုံးကို ကျူးကျော်လို့ ဆိုပြီး ဖျက်ဆီးဖို့ စစ်ကောင်စီကစီစဉ်နေပါတယ်။ -ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ် အမှတ် ၃ ရပ်ကွက် ကံသာဇေယျုံကျောင်းလမ်းက နေအိမ် ၁၅၀ကိုလည်း ကျူးကျော်လို့ဆိုပြီး ဘူဒိုဇာနဲ့ ထိုးဖျက်ခဲ့ပါတယ်။ - မန္တလေးတိုင်း ၊ ပြည်ကြီးတံခွန်မြို့နယ် ၊ ဇီးအုပ်ကွက်သစ်(ဋ)ရပ်ကွက်၊ လမ်း ၁၃၀ အရှေ့ဘက်ခြမ်းရှိ နေအိမ်တွေကိုလည်း နိုဝင်ဘာ ၁၅ ရက်နေ့ အတင်းအကျပ်ဖယ်ရှားနေတာပါ။ - နိုဝင်ဘာလ ၉ ရက်နေ့ကလည်း မန္တလေးမြို့၊ အိုးဘိုနှင့် သူရဲစျေး ဘူတာကြားက နေအိမ်ရာပေါင်းများစွာကို ကျူး ကျော်လို့ဆိုပြီး စစ်တပ်က ချက်ချင်းဖျက်ခိုင်းလို့ ပြည်သူ ၁၀၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်သွားခဲ့ရပါတယ်။ - ပြင်ဦးလွင်မြို့နယ်၊ ဘူတာလမ်းရှိ စစ်ဗိုလ်ချုပ်တွေ အိမ်ရာရှေ့ရှိ ဆိုင်ခန်းနဲ့ တိုက်ခန်း ၂၀၀ ကျော်ကို နိုဝင်ဘာလ အကုန်အပြီး ဖယ်ရှားရန် စစ်တပ်က အမိန့်ထုတ်ထားပါသေးတယ်။ -အကြမ်းဖက်စစ်ကောင်စီ အာဏာသိမ်းပြီးချိန်မှ စလို့ ပြည်သူပိုင်နေအိမ်တွေကို အတင်းအဓမ္မ ဘူဒိုဇာနဲ့ ထိုးပြီး ဖျက်ဆီးတာတွေကို ဥပဒေမဲ့ ဆက်တိုက်လုပ်ဆောင်လာတာဖြစ်ပါတယ်။

Tags:
#Khit Thit Media  #Myanmar  #Burma  #Khit Thit  #Yangon Khit Thit Media  #Media  #Yangon Khit Thit  #MAL  #Min Aung Hlaing  #Myanmar Khit Thit  #PDF  #People Defense Force  #NUG  #National Union Government  #NUG - Myanmar  #National Union Government Myanmar  #Aung San Suu Kyi  #Daw Aung San Suu Kyi