Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၂၂ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Video By:  Khit Thit Media Posted On:  November 22, 2022

Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၂၂ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ နိုဝင်ဘာ ၂၂ ရက်နေ့ နေ့လယ်ပိုင်းတင်ဆက်ပေးမယ့် သတင်းတွေကတော့ - ရှမ်းပြည်နယ်၊ တန့်ယန်းမြို့-အတွင်းမှာ အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေအပါအဝင် လက်ပါးစေအဖွဲ့တွေဟာ တရားမဝင် ဂိတ်ကြေး၊ တံတားကြေး ၊ တပ်ထိန်းကြေး၊ ယာဉ်ထိန်းကြေး အပါအဝင် ဆက်ကြေးတွေ ကောက်ခံ လာဘ်စားနေတယ်လို့ သိရပါတယ်။ - မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်က အိမ်ခြေ ၅ ထောင် နီးပါးကို ကျူးကျော်လို့ပြောပြီး ၊ အကြမ်း ဖက်စစ်ကောင်စီတပ်ကနေ နိုဝင်ဘာလ ၂၁ ရက်နေ့က ညတွင်းချင်း- ဖျက်ခိုင်း နေတဲ့အတွက် ပြည်သူ တွေ ဒုက္ခရောက်နေကြတယ်လို့ သိရပါတယ်။ - စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးနေတဲ့ အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီဘက်က ၇ ဦး သေသွားတယ်လို့ KSO အဖွဲ့ရဲ့ တာဝန်ရှိသူ တစ်ဦးကပြောပါတယ်။ - ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ KNU တပ်မဟာ ၅ နယ်မြေမှာရှိတဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ ဖာပွန် ရဲစခန်း၊ လယ်တိုးစခန်း နဲ့ ကော်သွေးကျိုး- စခန်းတွေ ကို KNLA တပ်ကနေ ဝင်ရောက်တိုက်ခိုက် ခဲ့တဲ့သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

Tags:
#Khit Thit Media  #Myanmar  #Burma  #Khit Thit  #Yangon Khit Thit Media  #Media  #Yangon Khit Thit  #MAL  #Min Aung Hlaing  #Myanmar Khit Thit  #PDF  #People Defense Force  #NUG  #National Union Government  #NUG - Myanmar  #National Union Government Myanmar  #Aung San Suu Kyi  #Daw Aung San Suu Kyi