Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၂၂ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ နိုဝင်ဘာ ၂၂ ရက်နေ့ ညနေပိုင်းတင်ဆက်ပေးမယ့် သတင်းတွေကတော့ - မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဗဟင်းရဲစခန်းကို အကြမ်းဖက် စစ်ကောင်စီတပ်သားတွေက နိုဝင်ဘာလ ၂၁ ရက်နေ့မနက်ပိုင်းမှာ ကို့စခန်းကို မီးရှို့ပြီး ၊ စခန်းကနေ စွန့်ခွာ ထွက်ပြေးသွားသလို ၊ လေဖြတ်နေတဲ့ ရဲ-ဒုတပ်ကြပ် ဝင်းကိုကိုအောင် ဆိုသူကို ငွေ ၁ သောင်း နဲ့ ချန်ထားခဲ့တဲ့အတွက် PDF တပ်ဖွဲ့တွေက ပြန်ပြီး စောင့်ရှောက်ထားရတယ်လို့ မြိုင်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ နဲ့ ဒေသသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။ - ရန်ကုန်တိုင်း၊ သာကေတမြို့နယ်မှာ နိုဝင်ဘာလ ၂၁ ရက်နေ့က အသတ်ခံရတဲ့ ကုန်စုံဆိုင်ပိုင်ရှင် ဒေါ်ချောချော ဆိုသူဟာ စစ်ကောင်စီ အတွက်အလုပ်လုပ်နေတဲ့ ကြံ့ဖွတ်တာဝန်ခံဖြစ်ပြီး ၊ နေအိမ် အနုကြမ်းစီးခံရမှု မဟုတ်ဘူးလို့ ဒေသခံတွေအပါအဝင် ကြံ့ဖွတ်ပါတီ နဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။ - စစ်ကိုင်းတိုင်း၊ ခင်ဦး နဲ့ ရွှေဘိုတို့မှာ အကြမ်းဖက် စစ်ကောင်စီတပ် စစ်ကြောင်းတွေကို ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့တွေက ဒရုန်း နဲ့ ဗုံးသီးချ တိုက်ခိုက်ရာမှာ စစ်ကောင်စီဘက်က ၆ ဦး သေသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။