Khit Thit သတင်းဌာန၏ ဇူလိုင် ၅ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဇူလိုင် ၅ ရက် ညနေပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့ -တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ထားဝယ်-ရန်ကုန်-ကားလမ်းမ ပေါ်မှာ ထားဝယ်ခရိုင် အခြေစိုက် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေကနေ စစ်ဆေးတဲ့အချိန် အကြမ်းဖက် စစ်ကောင်စီဘက်က ရဲတ ပ်ကြပ်ကြီး ဇော်မင်းဦး ဆိုသူကို ဖမ်းဆီးရမိတဲ့အချိန် ပြန်လည်ခုခံထွက်ပြေးတဲ့အတွက် ပစ်ခတ် ဖမ်းဆီးရာမှာ သေသွားတယ်လို့ TPLF ကနေ ထုတ်ပြန်ထားပါတယ်။ - ပဲခူးတိုင်း၊ ပေါင်းတည်-မြို့နယ်အတွင်းက ပဲခူးရိုးမပေါ်ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကနေ ပစ်ခတ်တိုက်ခိုက်ရာမှာ အကြမ်းဖက် စစ်ကော်စီတပ်သား ၂ ဦး သေပြီး ၊ ၃ ဦး ပြင်းထန်ဒဏ်ရာ ရသွားတယ်လို့ ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။ - ချင်းပြည်နယ် တွန်းဇံမြို့နယ်မှာရှိတဲ့ အကြမ်းဖက်ကောင်စီတပ် လက်အောက်ခံ အုပ်ချုပ်ရေးမှူး နဲ့ ပညာရေးမှူး တွေကို ဒီကနေ့ ဇူလိုင်လ ၅ ရက်နေ့က စပြီး ၊ ဖမ်းဝရမ်းထုတ်လိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်း တွေကို တင်ဆက်ပေးပါမယ်။