“ရန်ကုန်တိုင်းကတပ်တွေ ကမဲစာရင်းစစ်မယ်ဆိုပြီး နှစ်ယောက်နှစ်ယောက် လွှတ်ပေးရတယ်။တကယ်တော့ ဒါကကြိုတင် ပြင်ဆင်ထားတာ။လွှတ်ထားတဲ့သူတွေတပ်ထဲပြန်ရောက်ရင် မသိမသာ မဲစာရင်းလူထပ်တာ တို့မှားတာတို့ ပြန်ပြောတယ်။တကယ်တော့ မဲစာရင်းမှားတယ်ဆိုတဲ့စကား တပ်ထဲကသူတွေဆီ အရောက် ပို့တာ” CDM - ဒုအရာခံဗိုလ် ကိုကောင်းသန့် By ရန်ကုန်ခေတ်သစ် အကြမ်းဖက်စစ်ကောင်စီက NLD အစိုးရလက်ထက်မှာ တပ်တွင်းပြောရဲဆိုရဲဖြစ်လာတာတွေကို ကြောက် လန့် စိုးရိမ်ခဲ့သလို မဲစာရင်းမှားကြောင်း တပ်ထဲကလူတွေဆီ သတင်းအမှာရောက်အောင် စနစ်တကျပြင် ဆင်ခဲ့တာတွေ ပြုလုပ်ခဲ့ပါတယ်။ဒါအပြင် တပ်တွင်းလက်အောက်ငယ်သားတွေကို ဖိနှိပ်တာတွေ အာဏာ မသိမ်းမီကြိုတင်ပြင်ဆင်တာတွေ စတဲ့အကြောင်းတွေကို CDM - ဒုအရာခံဗိုလ် ကိုကောင်းသန့် ပြောပြခဲ့ တာကို ပြန်လည်တင်ဆက်လိုက်ရပါတယ်။