Khit Thit သတင်းဌာန၏ မေ ၃၀ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ မေ ၃၀ ရက် နေ့လယ်ပိုင်းတင်ဆက်ပေးမယ့် သတင်းတွေကတော့ -ပြည်တွင်းမှာ အမေရိကန်ဒေါ်လာ စျေးကွက်အတွင်း လိုအပ်ချက် မြင့်မားနေပြီး ဗဟိုဘဏ်ကနေ စျေးကွက်ဝယ်လိုအားအတိုင်း ဒေါ်လာကို ထုတ်ရောင်းပေးနိုင်ခြင်းမရှိတဲ့အတွက် အမေရိကန်ဒေါ်လာ ပြတ်လပ်လာသလို ဒေါ်လာစျေးနှုန်း ဆက်လက် မြင့်တက်နေတယ်လို့ ရန်ကုန်စီးပွားရေး အသိုင်းအ၀ိုင်း က ပြောပါတယ်။ - တနင်္သာရီမြို့နယ်မှာရှိတဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ ခမရ (၅၆၁) တပ်က မေလ ၂၈ ရက်နေ့ မနက်ပိုင်းမှာ NLD နဲ့ NUG ကို ပုတ်ခတ်ရေးသား တိုက်ခိုက်ထားတဲ့ ဝါဒဖြန့် လက်ကမ်းစာရွက်တွေကို ဓါတ်တိုင်တွေမှာ လိုက်ကပ်နေတယ်လို့ တနင်္သာရီ- ဘက်မလိုက် ပြောက်ကျားအဖွဲ့က ပြောပါတယ်။ - မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာရှိတဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်စွဲထားရာ နေရာ ၂ ခုကို KIA PDF ပူးပေါင်းတပ်တွေကနေ ဝင်ရောက် တိုက်ခိုက်ရာမှာ အကြမ်းဖက် စစ်ကောင်စီဘက်က ၆ ဦးသေသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။