Khit Thit သတင်းဌာန၏ မေ ၂၅ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Video By:  Khit Thit Media Posted On:  May 25, 2023

Khit Thit သတင်းဌာန၏ မေ ၂၅ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ မေ ၂၅ ရက် နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့ -ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အတွင်းမှာ မေလ ၁၄ ရက်နေ့ကနေ မေလ ၂၃ ရက်နေ့ အထိ ဖြစ်ပွားခဲ့တဲ့ ၉ ရက် ကြာတိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီဘက်က ဗိုလ် ကြီး ၁ ဦး အပါအဝင် အယောက် ၄၀ ဝန်းကျင် သေသွားပြီး ၊ စစ်သုံ့ပန်း ၂ ဦးကို အရှင် ဖမ်းဆီးရမိထားသလို ၊ လက် နက် ခဲယမ်း အမြောက်များ ကိုပါ သိမ်းဆည်းရရှိခဲ့တယ်လို့ KNDF ကနေ တရားဝင် သတင်းထုတ်ပြန် ထားပါတယ်။ - မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ PDF တပ်ခွဲမှူးကို လာဖမ်းတဲ့ နယ်ထိန်း /ရဲ အောင်သူ ဦးဆောင်တဲ့ စစ် ကြောင်းကို PDF တပ်ဖွဲ့က မိုင်းခွဲ တိုက် ခိုက်ရာမှာ နယ်ထိန်းရဲ အောင်သူ အပါအဝင် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၄ ဦး ပွဲချင်း ပြီးသေသွားတဲ့အပြင် ၊ ဒဏ်ရာရသွားတဲ့ ၃ ဦးဟာလည်း ဆေးရုံမှာ ထပ်သေသွား တဲ့အတွက် စုစုပေါင်း ၇ ဦးသေ သွားတယ်လို့ နတ်မောက် ဂဠုန် PDF ရဲ့ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် ကို ပြောပါတယ်။ - ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီ-ခရိုင်မှာ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့ မြန်မာအလုပ်သမား ၄၉ ဦးကို မေ ၂၄ ရက်နေ့ မနက် အစောပိုင်းက ထိုင်းအာဏာပိုင်တွေကနေ ဖမ်းဆီးရမိခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

Tags:
#Khit Thit Media  #Myanmar  #Burma  #Khit Thit  #Yangon Khit Thit Media  #Media  #Yangon Khit Thit  #MAL  #Min Aung Hlaing  #Myanmar Khit Thit  #PDF  #People Defense Force  #NUG  #National Union Government  #NUG - Myanmar  #National Union Government Myanmar  #Aung San Suu Kyi  #Daw Aung San Suu Kyi