Khit Thit သတင်းဌာန၏ ဧပြီ ၈ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဧပြီ ၈ ရက် ညနေပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့ - မကွေးတိုင်း၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်က လက်နက်ကြီးကျည်တွေ ထုတ်လုပ်နေတဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ အမှတ် ၁၀ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရုံ( ပကစ ၁၀) ကို ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေက ရှော့တိုက်ဒုံး ၂ လုံးနဲ့ ပစ်ခတ် တိုက်ခိုက်ရာမှာ စက်ရုံ အ ဆောက်အအုံ မီးလောင်ပျက်စီးသွားတယ်လို့ PRA (မကွေး)တပ်ဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် ကိုပြောပါတယ်။ - စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ နံသာရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ KIA၊ PDF ပူးပေါင်းတပ်တွေအကြား ဧပြီလ ၆ ရက်နေ့ နဲ့ ၇ ရက်နေ့ ၂ ရက်ကြာ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီဘက်က အယောက် ၄၀ နီးပါး သေသွားသလို KIA၊ PDF တပ်ဖွဲ့ဝင် ၄ ဦးလည်း မြင့်မြတ်စွာ အသက်ပေးလှူ သွားတယ်လို့ Indaw Revolution – IR ကပြောပါတယ်။ - မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ဘုန်းကံရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ တပ်မ ၁၀၁ က ဒုအရာခံဗိုလ်တစ်ဦးကို အရပ်ဝတ်နဲ့ ထောက်လှန်းရေးလုပ်နေတဲ့အချိန် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေ ကနေ အရှင် ဖမ်းဆီးရမိခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။