ထန်တလန်ရဲစခန်း ဝင်ရောက်စီးနင်းမှု ဆက်သွယ်မေးမြန်းချက် (၂ဝ၂၃ ဖေဖော်ဝါရီ ၈ ရက်)

Video By:  Myanmar Now News Posted On:  February 08, 2023

စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့် ချင်းပြည်နယ်၊ ထန်တလန်မြို့မ ရဲစခန်းကို ယမန်နေ့ (ဖေဖော်ဝါရီ ၈) ည ၉နာရီဝန်းကျင်တွင် တော်လှန်ရေးအဖွဲ့က ဝင်ရောက်စီးနင်းနိုင်ခဲ့ပြီး သေနတ် ၄၀ ကျော် သိမ်းဆီးရမိသည်။ စစ်သားနှင့်ရဲ ၄၀ နီးပါး အခြေချတပ်စွဲထားသည့် ရဲစခန်းကို ချင်းအမျိုးသား တပ်မတော် (CNA/ CNF )က နှစ်နာရီကျော်ကြာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ သိမ်းဆည်းရမိသည့် သေနတ်များထဲတွင် ဒရုန်းကို ပစ်ချသည့် အမျိုးအစားလည်းပါဝင်ကြောင်း CNFက ဓာတ်ပုံ နှင့် တကွ ထုတ်ပြန်ထားသည်။ ထိုစီးနင်းတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး CNF ပြန်ကြားရေးတာဝန်ခံ ဆလိုင်းထက်နီ ကို Myanmar Now က ဆက်သွယ်မေးမြန်းထားသည်။ မေးမြန်း၊ တင်ဆက် - ခင်ရီရီဇော်၊ ဟန်သစ် (လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Tags:
#စစ်အာဏာရှင်  #ထန်တလန်မြို့  #ဆလိုင်းထက်နီ