Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၁၆ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဇန်နဝါရီ ၁၆ ရက် ညနေပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့ -အကြမ်းဖက် စစ်ကောင်စီရဲ့ ပိတ်ပင်မှုတွေကြောင့် ပြည်တွင်းမှာ အလုပ်မရှိ၊ ပြည်ပထွက်ခွင့် ပိတ်ပင်ခံ ထားရတဲ့ CDM ဝန်ထမ်းတွေဟာ စစ်ကောင်စီအတွက် အန္တရာယ်ရှိတဲ့အတွက် ပစ်မှတ်ထား စောင့်ကြည့် ဖို့ အကြမ်းဖက် စစ်ကောင်စီထိပ်ပိုင်းခေါင်းဆောင် ပြည်ထဲရေးဝန်ကြီး စိုးထွဋ် က အမိန့်ထုတ်ထား တယ်လို့ သိရပါတယ်။ - မန္တလေး၊ မဟာအောင်မြေမြို့နယ်၊ ဗောဓိကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစောဆိုသူကို ဇန်နဝါရီလ ၁၅ ရက်နေ့က Special Task Force – Mandalay မြို့ပြပြောက် ကျားတပ်ဖွဲ့ကနေ ပစ်ခတ်ရှင်းလင်း ရာမှာ သေသွားတယ်လို့ တပ်ဖွဲ့ရဲ့ တာဝန်ရှိသူ ဗိုလ်အနိစ္စက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။ - အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ဇန်နဝါရီလ ၁၃ ရက်နေ့က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွေက ဒရုန်းနဲ့ ဗုံးကျဲ တိုက်ခိုက်ရာမှာ စစ်ကောင်စီဘက်က ၃ ဦးသေသွားတဲ့အပြင် ၊ သေနတ်တစ် လက်ပါ သိမ်းဆည်းရရှိခဲ့တဲ့သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။