Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၃ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Video By:  Khit Thit Media Posted On:  January 03, 2023

Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၃ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဇန်နဝါရီ ၃ ရက် မနက်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့ -ထိုင်းနိုင်ငံက ငွေကြေးလွှဲပြောင်းဝန်ဆောင်မှုကုမဏ္ဍီဖြစ်တဲ့ True Moneyက ခရိုနီတေဇရဲ့ သားဖြစ်သူ ပိုင်ဆိုင်တဲ့ AGDဘဏ်နဲ့ လက်တွဲဆောင်ရွက်နေတဲ့လုပ်ငန်းတွေကို ရပ်ဆိုင်းလိုက်ပြီး မြန်မာ့ရှေ့ဆောင်ဘဏ် MABဘဏ်နဲ့ ၂၀၂၂ခုနှစ် ဒီဇင်ဘာ ၁၆ ရက်ကတည်း လက်တွဲဆောင်ရွက်နေပြီဖြစ်တယ်လို့ True Money မြန်မာက ထုတ်ပြန်ကြေညာပါတယ်။ - စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ အလုံတပ်မြို့က အကြမ်းဖက်စစ်ကောင်စီရဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်( နမခ) တပ်အတွင်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားတွေ ထိခိုက်သေဆုံး မှုရှိနိုင်တယ်လို့ Fighter For People – FFP ဆီက သိရပါတယ်။ - မင်းအောင်လှိုင်ခေါင်းဆောင်တဲ့အကြမ်းဖက်စစ်တပ် အာဏာသိမ်းချိန်ကစပြီး ၂၃ လတာအတွင်း ပြည်သူ ၁၆,၀၀၀ ကျော်ဖမ်းဆီးခံခဲ့ရပြီး စစ်အုပ်စုနဲ့ လက်ပါးစေတွေရဲ့လက်ချက်ကြောင့် ၂,၆၈၈ ဦး သေဆုံးခဲ့ ရတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)က မနေ့က ထုတ်ပြန်ပါတယ်။ - မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ လမိုင်းရွာနဲ့ တောင်ကန်ရွာကြားမှာ ဇန်နဝါရီလ ၂ ရက်နေ့ နံနက် ၁၀ နာရီလောက်က အကြမ်းဖက်ခြေလျင်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၇ ဦးသေသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

Tags:
#Khit Thit Media  #Myanmar  #Burma  #Khit Thit  #Yangon Khit Thit Media  #Media  #Yangon Khit Thit  #MAL  #Min Aung Hlaing  #Myanmar Khit Thit  #PDF  #People Defense Force  #NUG  #National Union Government  #NUG - Myanmar  #National Union Government Myanmar  #Aung San Suu Kyi  #Daw Aung San Suu Kyi