နမ့်ဆန်မှာ TNLA နဲ့ စစ်တပ် ၅ ရက်မြောက် တိုက်ပွဲပြင်းထန်နေဆဲ (၂ဝ၂၂ ဒီဇင်ဘာ ၁၁ ရက်နေ့)

Video By:  Khit Thit Media Posted On:  December 11, 2022

နမ့်ဆန် တွင် TNLA နှင့် တိုက်ပွဲ ပြင်းထန်နေချိန် စစ်တပ်က စစ်အင်အားများ ကို ရဟတ် ယာဉ် ဖြင့်ချထားပြီး တိုးချဲ့နေ ရန်ကုန်၊ ဒီဇင်ဘာ ၁၁ ရှမ်းပြည်နယ်၊ နမ့်ဆန်မြို့နယ်တွင် စစ်တပ်က ပလောင် TNLA တပ်ကို ရုတ်တ ရက် ဝင်ရောက်တိုက်ခိုက်ခဲ့သည့် ဒီဇင်ဘာလ ၇ ရက်နေ့မှစတင်ပြီး ယနေ့ ဒီဇင် ဘာလ ၁၁ ရက်နေ့အထိ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိပြီး စစ်တပ်က လေကြောင်းသုံး၍ အပြင်းအထန် ထိုးစစ်ဆင်လျက်ရှိကြောင်း သိရှိရသည်။ လက်ရှိတွင် တိုက်ပွဲ ဖြစ်ပွားမှု သည် ၅ ရက်တာကြာမြင့်လာပြီး တိုက်ပွဲ အခြေ အနေ အသေးစိတ်သိရှိနိုင်ရန် TNLA ပြောခွင့်ရ ပုဂ္ဂိုလ် ဒုတိယ ဗိုလ်မှူး ကြီးတာအိုက်ကျော်ကို ရန်ကုန်ခေတ်သစ်က ဆက်သွယ်မေးမြန်းထားပါသည်။ မေး။ ။ လက်ရှိ နမ့်ဆန်မှာ ဖြစ်နေတဲ့ တိုက်ပွဲ နောက် ဆုံး အခြေအနေ ဘယ်လိုရှိပါသလဲ။ ဖြေ။ ။ တိုက်ပွဲကတော့ ဒီဇင်ဘာ ၇ ရက်နေ့ကနေပြီးတော့ ဒီနေ့အထိ ဆက်ပြီး ဖြစ်ပွားနေတယ်။ ဒီမနက် ၁၀ နာရီခွဲမှာ လေကြောင်းတိုက်ခိုက်မှုတွေ ပစ်ခတ်မှုတွေဖြစ်တယ်။ နမ့်ဆန်ဘက်ရော မန်တုံဘက်ရော ရဟတ် ယာဉ်တွေနဲ့ လူတွေ ပစ္စည်းတွေ လက်ရှိ စစ်ပစ္စည်းတွေ လာချသွားတာရှိတယ်။ တိုက်ပွဲဖြစ်တာကတော့ နမ့်ဆန်မြို့နယ်ကုန်းသာကျေးရွာမှာပါ။ မေး။ ။ လက်ရှိ နှစ်ဖက် အထိအခိုက် သေဆုံးမှုအခြေအနေကရော။ ဖြေ။ ။ တိုက်ပွဲဖြစ်တဲ့နေရာမှာ နှစ်ဖက် ထိခိုက်မှုရှိနိုင်တယ်။ ဒါပေမယ့် အသေးစိတ် မသိရသေးဘူး။ တိုက်ပွဲဖြစ်တဲ့နေရာက ဌာနချုပ်မဟုတ်ပါဘူး။ ကုန်းသာကျေးရွာဖြစ်ပါတယ်။ ဒီဇင်ဘာ ၇ ရက်နေ့က ရဟတ်ယာဉ်တွေနဲ့ လူလာချသွားတယ်။ လူတွေ လာချပြီး အဲဒီမှာ ကျနော်တို့ တပ်ဖွဲ့ဝင် တွေရွာထဲ မှာ ရှိနေတာ့ တိုက်ပွဲဖြစ်တယ်။ မေး။ ။ အခု စစ်တပ်ကို TNLA ဘက်က ပတ်ပတ်လည် ၀ိုင်းပြီး ပိတ် ဆို့ထားနိုင်တယ်ဆိုတာရော ဟုတ်ပါလား။ ဖြေ။ ။ အဲဒီလိုမျိုးပတ်ပတ်လည်တော့မဟုတ်ဘူး။ ရွာထဲမှာ TNLA တပ်သားတွေ ရှိတယ်။ သူတို့က လူတွေကို ရဟတ်ယာဉ်တွေနဲ့ ရွာထဲကို ချတယ်။ ချပြီးတာနဲ့ နှစ်ဖက်ရင်ဆိုင် တိုက်ပွဲဖြစ်နေတာ ဒီနေ့အထိပေါ့။ မေး။ ။ ငြိမ်းချမ်းရေးအလားအလာ က ဘယ်လိုရှိမလဲ။ ဖြေ။ ။ သူတို့ လူတွေ လာချလို့ တိုက်ပွဲဖြစ်နေတာလေ။ တိုက်ပွဲ အလား အလာ က ဘယ်လိုရှိမလဲဆိုတာ ခန့်မှန်းရခက်ပါတယ်။ မေး။ ။ မြောက်ပိုင်းမဟာမိတ်တွေနဲ့ရော လက်ရှိ စစ်တပ်က TNLA ကို ထိုးစစ်ဆင်လာတဲ့အပေါ် ဘယ်လိုတုံ့ပြန်သွားမလဲ။ မြောက်ပိုင်းမဟာမိတ် အဖွဲ့တွေနဲ့ တိုင်ပင်ဆွေးနွေးတာရှိလား။ ဖြေ။ ။ အဲဒါတော့မရှိပါဘူး။

Tags:
#Khit Thit Media  #Myanmar  #Burma  #Khit Thit  #Yangon Khit Thit Media  #Media  #Yangon Khit Thit  #MAL  #Min Aung Hlaing  #Myanmar Khit Thit  #PDF  #People Defense Force  #NUG  #National Union Government  #NUG - Myanmar  #National Union Government Myanmar  #Aung San Suu Kyi  #Daw Aung San Suu Kyi